TSK

TSK · ဒံယေလအနာဂတ္တိကျမ်း။ 2:21

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

သူသည် ရွှေ ငွေ ကြေးဝါ ကိုလုပ် သောအတတ် ၊ ကျောက် ကိုသွေး ၍စီ သောအတတ်၊ သစ်သား ကိုထုလုပ် သောအတတ်နှင့် အမျိုးမျိုး သောအလုပ် ကို ထူးဆန်းစွာလုပ် တတ်မည် အကြောင်း၊ ဉာဏ်ပညာ နှင့်တကွ သိပ္ပံအတတ် အမျိုးမျိုး တို့ကို ငါပေး၍ ဘုရားသခင် ၏ဝိညာဉ် တော်နှင့် ပြည့်စုံ စေ၏။

ဆင်းရဲ စေခြင်းငှါ၎င်း ၊ ရ တတ်စေခြင်းငှါ၎င်း၊ ထာဝရဘုရား ပြု၍၊ နှိမ့်ချ သောအခွင့်၊ ချီးမြှောက် သောအခွင့်ရှိတော်မူ၏။

¶ ထိုသို့ရှင်ဘုရင် စီရင် တော်မူသည် အရာကို ဣသရေလ အမျိုးသားအပေါင်း တို့သည် ကြား သိကြသောအခါ ၊ တရား စီရင်စေခြင်းငှါ ဘုရား သခင်ပေးတော်မူသော ဉာဏ် နှင့် ရှင်ဘုရင် ပြည့်စုံကြောင်းကို သိမြင် ၍ ၊ ကိုယ်တော်ကို ကြောက်ရွံ့ ရိုသေကြ၏။

¶ ရှောလမုန် ၏ နှလုံး ၌ ဘုရားသခင် သွင်းပေး တော်မူသော ပညာ ကို မြေကြီး သားအပေါင်း တို့သည် ကြား ရအံ့သောငှါ ၊ မျက်နှာ တော်ကို ဖူး လာကြ၏။

ဒါဝိဒ် မင်းကြီး ပြုမူသော အမှုအရာ အစ အဆုံး ရှိသမျှ၊ အစိုးရ ခြင်း၊ တန်ခိုး ကြီးခြင်းနှင့်တကွ၊ ကိုယ်တော်မှစ၍ ဣသရေလ ပြည်၊ အခြားတပါးသောတိုင်းပြည် များတို့၌ ဖြစ်လေသမျှ သောအမှုအရာအလုံးစုံတို့သည် ပရောဖက် ရှမွေလ ၏ကျမ်းစာ ၊ ပရောဖက် နာသန် ၏ကျမ်းစာ ၊ ပရောဖက် ဂဒ် ၏ကျမ်းစာ တို့၌ ရေး ထားလျက်ရှိ၏။

အားကြီး သောသူတို့ကိုပင် မ စစ်ကြော ဘဲ ချိုးဖျက် ၍ ၊ သူ တို့အရာ ၌ အခြား သောသူကို ခန့်ထား တော်မူ၏။

သင် တို့၏ ဦးချို ကို မ ချီးမြှောက် ကြနှင့်။ လည်ပင်း ခိုင်မာ လျက် မပြော ကြနှင့်ဟု မတရားသောသူတို့ အား၎င်း ငါပြောထား၏။

အကြောင်း မူကား၊ ထာဝရဘုရား သည်ပညာ ကို ပေး တော်မူတတ်၏။ နားလည် နိုင်သော ဉာဏ် သည် နှုတ်ကပတ် တော်အားဖြင့် သာဖြစ်တတ်၏။

¶ ခပ်သိမ်း သော အမှုအရာတို့သည် မိမိတို့အချိန် ရှိ၏။ မိုဃ်း ကောင်းကင်အောက် ၌ ကြံစည် သမျှ အသီးသီး တို့ကို ပြုရသောအချိန် ရှိ၏။

အိပ်မက် ကို ငါ့ အားမ ဘော် မပြလျှင် ၊ သင်တို့သည် အကြံတခု တည်းသာရှိသည်ဖြစ်၍၊ ကာလ ပြောင်းလဲ သည်တိုင်အောင် ၊ ငါ့ ရှေ့ ၌ လျှောက် စရာဘို့ ကောက်ကျစ် လိမ် လစ်သောစကား ကို ပြင်ဆင် နှင့်ကြပြီ။ အိပ်မက် ကို ပြန်ပြော ကြ။ ထိုသို့ပြောလျှင်၊ အိပ်မက်အနက် ကို ဘော်ပြ နိုင်သည်ကို ငါသိ မည်ဟု ပြန်၍ မိန့်တော်မူ၏။

အကြောင်းမူကား၊ အမြင့်ဆုံး သောဘုရားသည် လောကီနိုင်ငံ ကို အုပ်စိုး တော်မူသည်ကို၎င်း၊ ပေးလို သောသူတို့ အားပေး တော်မူသည်ကို၎င်း၊ ယုတ်မာသောသူတို့ ကို ချီးမြှောက်၍ နိုင်ငံကို အပ်ပေးတော်မူသည်ကို၎င်းသတ္တဝါတို့ သိနားလည်ရသောအခွင့်ရှိစေခြင်းငှါ၊ သစ်ပင်စောင့်တို့သည် ဤသို့စီရင်ကြပြီ။ သန့်ရှင်းသူတို့ သည် အမိန့်တော်ကိုပေး ကြပြီဟု ဟစ်ကြော်လေ၏။

သင့် ကို လူစု ထဲက နှင်ထုတ် ၍ ၊ မြေ တိရစ္ဆာန် တို့ နှင့်အတူ နေရာ ချကြလိမ့်မည်။ အမြင့်ဆုံး သောဘုရား သည် လောကီ နိုင်ငံ ကို အုပ်စိုး ၍၊ ပေးလို သော သူ တို့အား ပေး တော်မူသည်ကို မင်းကြီးမသိ မ မှတ်မှီကာလ ၊ ခုနစ် နှစ် ပတ်လုံးနွား ကဲ့သို့ မြက် ကိုစား လျက်နေရမည်ဟု အသံ ဖြစ်လေ၏။

ကာလ လွန် သောအခါ သူတို့သည် အဆွေ ဖွဲ့ကြ လိမ့်မည်။ အသင့်အတင့် ဖြစ်စေခြင်းငှါ တောင် ရှင်ဘုရင် ၏ သမီး သည် မြောက် ရှင်ဘုရင် ထံသို့ ရောက် လိမ့်မည်။ သို့သော်လည်း ၊ ထိုမင်းသမီး၏ အာဏာ သည် မ တည် ရ။ ထိုမင်း နှင့်တကွ အမျိုးအနွယ် တော် သည်လည်း မတည်ရ။ မင်းသမီး ကို၎င်း၊ ဆောင် ခဲ့သောသူတို့ ကို၎င်း၊ သူ ၏သား ကို၎င်း ၊ ထိုကာလ ၌ သူ့ ကိုထောက်ပင့် သော သူများကို၎င်းဆုံးရှုံးခြင်းသို့အပ် ရလိမ့်မည်။

အကြောင်းမူကား ၊ ရန်သူ အပေါင်း တို့သည် မ ငြင်းခုံ မဟန့်တား နိုင် သော နှုတ် သတ္တိ၊ ဉာဏ် သတ္တိကို ငါ ပေး မည်။

ထိုဘုရားသခင် အားဖြင့် သင် တို့သည် ယေရှု ခရစ် ၌ တည်နေကြ၏။ ထိုသခင် မူကား ၊ ဘုရားသခင်စီရင် တော်မူသည်အတိုင်း၊ ငါ တို့၌ ပညာ မှစ၍ဖြောင့်မတ် ခြင်း၊ သန့်ရှင်း ခြင်း၊ ရွေးနှုတ် ခြင်းဖြစ်တော်မူ၏။

ထိုအဘ သည် ရွေ့လျော့ တိမ်းယိမ်းခြင်းမ ရှိ ၊ ပြောင်းလဲ ခြင်းအရိပ် နှင့် ကင်းလွတ်တော်မူ၏။

ဘုရင် တို့၏ဘုရင် ၊ သခင် တို့၏သခင် ဟု ဘွဲ့နာမ တော်သည် အဝတ် တော်၌ ၎င်း ၊ ပေါင် တော်၌ ၎င်း ရေး ထားလျက်ရှိ ၏။