TSK

TSK · ဒံယေလအနာဂတ္တိကျမ်း။ 7:4

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

ရှောလု နှင့် ယောနသန် သည် ချစ် တတ်သောသဘောရှိ၍ အသက် ရှင်စဉ် အခါ မိတ်ဆွေဖြစ်လျက် ၊ အသက်သေ သောအခါ တယောက်နှင့် တယောက်မ ကွာ ဘဲလျက်နေကြ၏။ သူတို့သည် ရွှေလင်းတ ထက် မြန် ၍ ခြင်္သေ့ ထက် ခွန်အား ကြီးကြ၏။

အိုထာဝရဘုရား ၊ သူ တို့ကို ချောက် လှန့်တော်မူ ပါ။ သို့ဖြစ်၍မိမိတို့သည် လူ သက်သက်ဖြစ်သည်ကို လူမျိုး တို့သည် သိ ကြပါလိမ့်မည်။

သင် ကလည်း ၊ ကောင်းကင် ပေါ် သို့ ငါ တက် မည်။ ဘုရား သခင်၏ ကြယ် တို့အပေါ် မှာ ငါ့ ပလ္လင် ကို ငါချီးမြှောက် မည်။ မြောက် မျက်နှာဘက်၊ ဗျာဒိတ်တော် တောင် ပေါ် မှာ ငါထိုင် မည်။

လာသောမင်းသည် မိုဃ်းတိမ် ကဲ့သို့ လာ လိမ့်မည်။ သူ ၏ရထား တို့သည် လေဘွေ ကဲ့သို့ ဖြစ်ကြ၏။ သူ၏မြင်း တို့သည် ရွှေလင်းတ ထက် သာ၍လျင်မြန် ကြ၏။ ငါ တို့သည် အမင်္ဂလာ ရှိကြ၏။ ပျက်စီး ခြင်းသို့ ရောက်ကြပြီ။

ခြင်္သေ့ ဘာသာဓလေ့၊ နေတော်မူရာခြုံ ကို စွန့် ထွက်တော်မူပြီ။ ညှဉ်းဆဲ သောသူ ၏ပြင်းထန်ခြင်း၊ ပြင်းစွာ အမျက် ထွက်ခြင်းအားဖြင့် ၊ သူ တို့ ပြည် သည် လူဆိတ်ညံ ရာအရပ် ဖြစ်ရ၏။

ခြင်္သေ့ သည် ယော်ဒန် မြစ်၏ ဂုဏ် အသရေမှ တက် သကဲ့သို့ ၊ ရန်သူသည် ကျောက် နှင့်ပြည့်စုံသော နေရာ သို့ တက်သောအခါ၊ နေသောသူသည် ချက်ခြင်းပြေး မည်အကြောင်းကို ငါပြုမည်။ ရွေးချယ် သော သူကိုလည်း၊ ဧဒုံပြည်အပေါ် မှာ ငါခန့်ထား မည်။ ငါ နှင့် အဘယ်သူ တူသနည်း။ ငါ့ အချိန်ကို အဘယ်သူ ချိန်းချက် မည်နည်း။ အဘယ်မည် သော သိုးထိန်း သည် ငါ့ ရှေ့ မှာ ရပ် နိုင်သနည်း။

ငါ တို့ကိုလိုက် ၍ ရှာသောသူတို့သည် မိုဃ်း ကောင်းကင်ရွှေလင်းတ ထက် သာ၍လျင်မြန် ကြ၏။ တောင် ရိုးပေါ် မှာလိုက် ရှာကြ၏။ တော ၌ လည်း ချောင်းမြောင်း ကြ၏။

အချင်းလူသား ၊ အရှင် ထာဝရဘုရား ၏ အမိန့် တော်ကို တုရု ရှင်ဘုရင် အား ဆင့်ဆို ရမည်မှာ၊ သင်သည် ကိုယ်ကို ဘုရားသခင် ကဲ့သို့ ထင်မှတ် သော်လည်း ဘုရားသခင် မ ဟုတ်၊ လူ သက်သက်ဖြစ်လျက်နှင့် ငါ သည် ဘုရား ဖြစ်၏၊ ပင်လယ် အလယ် ၌ ဘုရား ပလ္လင် ပေါ်မှာငါထိုင် သည်ဟု ဝါကြွား သောစိတ် နှင့် ဆို သည်ဖြစ်၍၊

လူ နေရာ ရှိသမျှ တို့နှင့် မြေကြီး သား တိရစ္ဆာန် ၊ မိုဃ်း ကောင်းကင်ငှက် များတို့ကို ကိုယ်တော် လက် ၌ အပ် ပေး ၍၊ ကိုယ်တော် သည် အလုံးစုံ တို့ကို အုပ်စိုး ရသောအခွင့်ရှိတော်မူ၏။ ကိုယ်တော် သည် ရုပ်တု၏ ရွှေ ဦးခေါင်း ဖြစ်တော်မူ၏။

ထိုအခါ ငါ့စိတ်ပကတိဖြစ်ပြန်၍၊ ငါ့ နိုင်ငံ ၏ အသရေ ဘို့ ယမန်ကဲ့သို့တင့်တယ်ခြင်း အရောင် အဆင်း နှင့် ပြည့်စုံ၍၊ တိုင်ပင် သော မှူးတော်မတ်တော်တို့သည် ညီလာခံဝင်ကြလျှင်၊ ငါ ၏အာဏာတည်မြဲတည်၏။ ငါ့ဘုန်း အာနုဘော်လည်း ယခင် ထက် တိုးပွါး၏။

အခြား သော သားရဲ မူကား၊ အစိုးရ သောအခွင့် တန်ခိုးရှုံး သော်လည်း၊ ချိန်းချက်သော ကာလ ပတ်လုံး အသက် ရှင်ရကြ၏။

ထိုမှတပါး၊ စပျစ်ရည် နှင့်ပျော်မွေ့သောသူသည် သစ္စာ ပျက်တတ်၏။ မာန ထောင်လွှားသောသူ သည် ကိုယ် နေရာ ၌မ နေနိုင်ဘဲ၊ မိမိ လောဘ ကို မရဏာ နိုင်ငံကဲ့သို့ ကျယ် စေလျက် ၊ သေမင်း ကဲ့သို့ မ ပြေ နိုင်သောစိတ် ရှိ လျက် ၊ တိုင်း သူနိုင်ငံသား အမျိုးမျိုးအပေါင်း တို့ကို မိမိ ထံ သို့ ဆွဲငင် ၍ စုဝေး စေ၏။