ထိုသို့ ယေရုရှလင် မြို့၏ ဗိမာန် တော် တည်ခြင်း အမှုပြတ်၍၊ ပေရသိ ရှင် ဘုရင် ဒါရိ နန်းစံ နှစ် နှစ် တိုင်အောင် လက်စမသတ်ဘဲနေလေ၏။
TSK
TSK · ဒံယေလအနာဂတ္တိကျမ်း။ 9:25
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
¶ ထိုနောက် ၊ ပေရသိ ရှင်ဘုရင် အာတဇေရဇ် လက်ထက် ၌၊
ထာဝရဘုရား ၏ပညတ် စကားနှင့် ဣသရေလ အမျိုး၌ ထုံးဖွဲ့ တော်မူချက်တို့ကို လေ့ကျက်သော ဆရာ ယဇ်ပုရောဟိတ် ဧဇရ အား ၊ အာတဇေရဇ် မင်းကြီး ပေး တော်မူသော အမိန့်တော်စာ ချက်ဟူမူကား၊
ရှင်ဘုရင် က၊ အဘယ် သို့တောင်း လျှောက်ချင် သနည်းဟုမေး တော်မူ၏။ ငါကလည်း အရှင်မင်းကြီး အလို တော်ရှိ၍ ကျွန် တော်ကို စိတ် နှင့်တွေ့တော်မူလျှင် ၊ ကျွန်တော် ဘိုးဘေး သင်္ချိုင်း ရှိရာမြို့ ကို ကျွန်တော်ပြုစု ရမည်အကြောင်း ၊ ယုဒ ပြည်သို့ စေလွှတ် တော်မူပါဟု ကောင်းကင်ဘုံ ၏အရှင်ဘုရားသခင် အား ဆုတောင်း ပြီးမှလျှောက် လေ၏။
¶ ထိုအခါ ယဇ်ပုရောဟိတ် မင်း ဧလျာရှိပ် သည်၊ မိမိ ညီအစ်ကို ယဇ်ပုရောဟိတ် တို့နှင့်တကွထ၍၊ သိုး တံခါး ကို ပြင် လျက် တံခါး ခုံ၊ တံခါးထုပ်၊ တံခါးရွက်တို့ကို ထူ ထောင်ဆွဲထား၍ ၊ မေအာ ပြအိုး မှ ဟာနနေလ ပြအိုး တိုင်အောင် ပြင် ကြ၏။
ယေရုရှလင် မြို့ကို စစ်ချီ ၍ တိုက်မည်။ ထိုအမှုကို ဖျက် မည်ဟု တညီ တညွတ်တည်းတိုင်ပင် ကြ၏။
အရက် ငါး ဆယ်နှစ် ရက် ကြာမှ ဧလုလလ နှစ် ဆယ်ငါး ရက်နေ့တွင် မြို့ရိုး ကို လက်စသတ် ကြ၏။
သတ် ရသောအချိန် နှင့် အနာ ပျောက်စေရသော အချိန် လည်း ရှိ၏။ ဖြိုဖျက် ရသောအချိန် နှင့် တည်ဆောက် ရသောအချိန် လည်း ရှိ၏။
ကြည့် ရှုလော့။ ထိုသူ ကို ဥပဇ္ဈာယ် ဆရာဖြစ်စေ ခြင်းငှါ ၎င်း၊ စီရင် အုပ်စိုးသော အရှင် ဖြစ်စေခြင်းငှါ၎င်း၊ လူမျိုး တို့အား ငါပေး ပြီ။
သူသည်လိမ္မာ စွာပြုသဖြင့်၊ မုသာ လည်း အောင်မြင် လိမ့်မည်။ စိတ်ထောင်လွှား ခြင်းနှင့်တကွမိဿဟာယဖွဲ့သောအားဖြင့် လူများ တို့ကို ဖျက်ဆီး ၍ ၊ သခင် တို့၏သခင် ကို ဆန့်ကျင်ဘက် ပြုလိမ့်မည်။ သို့သော်လည်း ၊ လူလက် ဖြင့် ဒဏ်မ ခတ်ဘဲ ကျိုးပဲ့ ပျက်စီးခြင်းသို့ ရောက်လိမ့်မည်။
¶ ယခု မူကား၊ အိုဗိုလ်ခြေ သတို့သမီး ၊ စည်းဝေး ၍ ခင်းကျင်း လော့။ ငါ တို့ကို ဝိုင်း ထားကြပြီ။ ဣသရေလ မင်း ၏ ပါး ကို ကြိမ်လုံး နှင့် ရိုက် ကြပြီတကား။
ကောင်း သောမြေ ၌ အစေ့ ကိုကြဲ ခြင်းအကြောင်းအရာကား ၊ တရားစကား ကိုကြား ၍ နှလုံး သွင်းသဖြင့်၊ အဆသုံးဆယ် ၊ အဆခြောက်ဆယ် ၊ အဆတရာ ပွားများ ၍ အသီးသီး တတ်သည်ဟု ဆိုလိုသတည်းဟု မိန့်တော်မူ၏။
ပရောဖက် ဒံယေလ ဟော သည် အတိုင်း၊ ဖျက်ဆီး တတ်သော ရွံရှာဘွယ် အရာသည် မ နေသင့် သောအရပ် ၌ စိုက်နေ သည်ကို သင်တို့မြင် ရလျှင် ၊ ကျမ်းစာကိုကြည့် သောသူ သည် နားလည် ပါစေ။ ထိုသို့ မြင်ရလျှင် ယုဒ ပြည် ၌ ရှိသော သူ တို့သည်တောင် ပေါ်သို့ ပြေး ကြစေ။”
¶ မိန်းမ ကလည်း၊ မေရှိ ကြွလာ တော်မူသည်ဟု အကျွန်ုပ်သိ ပါ၏။ ရောက် တော်မူသောအခါ အကျွန်ုပ် တို့ အား အလုံးစုံ တို့ကိုဖော်ပြ တော်မူမည်ဟု လျှောက် ပြန်၏။ မေရှိအနက် ကား၊ ခရစ်တော် ဟု ဆိုလိုသတည်း။
ဣသရေလ လူတို့အား နောင်တ တရားနှင့် အပြစ် လွှတ် ခြင်း အခွင့်ကိုပေး စေခြင်းငှာ၊ ထို သူကို အစိုးရသောအရှင် အရာ၌၎င်း ၊ ကယ်တင် သော သခင် အရာ၌၎င်း၊ ဘုရားသခင် ခန့်ထား၍ မိမိ လက်ျာ လက်တော်နှင့် ချီးမြှင့် တော်မူပြီ။
ယခု နေ့ရက် ကာလတို့သည် ဆိုးယုတ် သောကြောင့် ကာလ အချိန်ကို ရွေးနှုတ် ကြ လော့။
ဘုရင် တို့၏ဘုရင် ၊ သခင် တို့၏သခင် ဟု ဘွဲ့နာမ တော်သည် အဝတ် တော်၌ ၎င်း ၊ ပေါင် တော်၌ ၎င်း ရေး ထားလျက်ရှိ ၏။