ထာဝရဘုရား ၏ ကောင်းကင်တမန် သည် ရှုရ မြို့သို့သွားရာတော လမ်း ၌ရှိသောစမ်း ရေ တွင်း နား မှာ ဟာဂရ ကိုတွေ့ လျှင်၊
TSK
TSK · ကမ္ဘာဦးကျမ်း 21:14
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
သို့ဖြစ်၍ ထို အရပ်၌ ထို နှစ် ပါးတို့သည် ကျိန်ဆို သောကြောင့် ၊ ထို အရပ် ကို ဗေရရှေဘ ဟု တွင် ကြ၏။
အာဗြဟံ သည် နံနက် စောစော ထ၍ ၊ မြည်း ကို ကုန်းနှီး တင်ပြီးလျှင် ၊ မိမိ သား ဣဇာက် နှင့် ငယ်သား နှစ် ယောက်ကိုခေါ် ၍ ယဇ် ရှို့စရာ ထင်း ကိုခွဲ ပြီးမှ ၊ ဘုရားသခင် မိန့် တော်မူသောအရပ် သို့ ထ သွားလေ၏။
သူ နှင့် သူ ၏အဘော်အပေါင်းတို့သည်၊ စားသောက် ၍ ညဉ့် ကို လွန်စေပြီးမှ ၊ နံနက် ယံ၌ ထ လျက် ၊ ကျွန်ုပ် သည်၊ သခင် ထံသို့ ပြန် ပါရစေဟု ဆို လေသော်၊
နံနက် စောစော ထ၍ ၊ အချင်းချင်း တ ဦးနှင့် တဦးသစ္စာ ပြုလိုက်ပြီးမှ ၊ ဣဇာက် သည် သူ့ တို့ကို လွှတ် လိုက်၍ ၊ သူတို့သည် ငြိမ်ဝပ် စွာသွား ရကြ၏။
နံနက် စောစော ယာကုပ် သည်ထ၍ ၊ ခေါင်းအုံး သော ကျောက် ကို ယူ သဖြင့် ၊ မှတ် တိုင်ဖြစ် စေလျက် ထူ ထောင်ပြီးလျှင်၊ ကျောက် ထိပ် ဖျားအပေါ် ၌ ဆီ ကို လောင်း လေ၏။
တော ၌ လှည့်လည် စဉ်တွင်၊ တစုံတယောက် သောသူနှင့် တွေ့ ၍ ထိုသူ က၊ သင်သည် ဘာ ကိုရှာ သနည်း ဟုမေး လျှင်၊
¶ ယောရှု သည် နံနက် စောစောထ၍ ဣသရေလ အမျိုးသား အပေါင်း တို့နှင့်တကွ ရှိတ္တိမ် မြို့မှ ပြောင်း ၍ ယော်ဒန် မြစ်ကို မ ကူး မှီ မြစ်နားတွင် စားခန်းချ ကြ၏။
¶ ထိုအခါ ဧလိယသည်ကြောက် သဖြင့် ၊ ထ ၍ အသက် လွတ်အောင် ယုဒ ခရိုင် ဗေရရှေဘ မြို့သို့သွား ၏။ ထို မြို့၌ ကျွန် ကို ထား ခဲ့၍၊
သူတို့သည် တော တွင် လူ ဆိတ်ညံရာအရပ်၌ လည် ၍၊ နေစရာ မြို့ သို့ ရောက်သောလမ်း ကို မ တွေ့ ကြ။
နံနက် စောစော ထ၍၊ မိမိ အဆွေ ခင်ပွန်းကို ကျယ် သောအသံ နှင့် ကောင်းကြီး ပေးသောသူသည် ကျိန်ဆဲ ခြင်းကို ပြု ရာရောက်၏။
ဟေရှဘုန် လယ်ပြင် တို့သည် သွေ့ခြောက် ကြ ၏။ စိဗမာ စပျစ် နွယ်ပင် အညွန့်များကိုလည်း တပါး အမျိုးသား မင်း တို့သည် ချိုး ကြပြီ။ ထိုအညွန့် တို့သည် အထက်က ယာဇာ မြို့တိုင်အောင် ရောက် ၍၊ တော ၌လည် တတ်ကြ၏။ အလက် တို့သည် ရှည်လျား ၍၊ ပင်လယ် ကိုလွန် ကြ၏။
ကျွန် မ၏ သား သည် ဇာတိ ပကတိအားဖြင့် ဘွား သောသားဖြစ်၏။ ကျွန် မဟုတ်သော မိန်းမ၏ သား သည် ဂတိ တော်အားဖြင့် ဘွားသောသားဖြစ်၏။