TSK

TSK · ယောဘဝတ္ထု။ 10:21

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

ငါတို့သည် သေ အံ့သောသူဖြစ် ကြ၏။ မြေ ပေါ် မှာသွန် ပြီးလျှင်နောက်တဖန်ကျုံး ၍ မ ယူနိုင်သောရေ နှင့် တူ ကြပါ၏။ ဘုရား သခင်သည် လူမျက်နှာကို မ ထောက် သော်လည်း ၊ နှင်ထုတ် ခြင်းကိုခံရသောသူသည် အစဉ် နှင်ထုတ် ခြင်းကိုခံ ၍ မ နေရမည်အကြောင်း ကြံစည် တော်မူ၏။

ထိုသို့မပြုလျှင် ငါသည်အိပ် ၍ငြိမ်း ပြီ။ ပျော် လျက်နေရပြီ။

မိုဃ်းတိမ် သည် ပြယ်ပျောက် ကွယ်လွင့် သကဲ့သို့၊ သင်္ချိုင်း တွင်းထဲသို့ ဆင်း သောသူသည် နောက်တဖန် မ တက် ရ။

နှစ် ပေါင်းမကြာမမြင့်မှီတဖန်ပြန် ၍ မ လာရ သောလမ်း သို့ ငါလိုက်သွား ရတော့မည်။

အကယ်၍ သေမင်း ၏အရိပ်လွှမ်းမိုးသော ချိုင့် ထဲသို့ ရှောက်သွား ရသော်လည်း ဘေး အန္တရာယ်ကို မ ကြောက် ပါ။ အကြောင်း မူကား၊ ကိုယ်တော် သည် အကျွန်ုပ် နှင့်အတူ ရှိတော်မူသည်ဖြစ်၍၊ လှံတံ တော်နှင့် တောင်ဝေး တော်သည် အကျွန်ုပ် ကို ချမ်းသာ စေပါ၏။

အကျွန်ုပ် ကို အနက်ဆုံး သောတွင်း ၊ မှောင်မိုက် ဖုံးလွှမ်း၍ အလွန်နက်နဲ သော အရပ်၌ ချထား တော်မူပြီ။

အိုထာဝရဘုရား ၊ ကိုယ်တော် ကို အကျွန်ုပ် အော်ဟစ် ပါ၏။ နံနက် အချိန်၌ အကျွန်ုပ် ၏ ပဌနာ သည် ရှေ့တော်သို့ရောက် ပါ၏။

သို့ရာတွင် ၊ လူ သည်အသက်တာ ရှည် ၍ အစဉ် ရွှင်လန်း သော်လည်း ၊ မှောင်မိုက် ကာလ ကို အောက်မေ့ ပါစေ။ ထိုကာလကြာမြင့် လိမ့်မည်။ ဖြစ် လတံ့သမျှ တို့သည် အနတ္တ သက်သက်ဖြစ်ကြ၏။

သူတို့က၊ ငါ တို့ကို အဲဂုတ္တု ပြည် မှ ကယ်နှုတ် ၍၊ တော တရှောက် လုံး၊ လွင်ပြင် ၊ မြေတွင်း နှင့်ပြည့်စုံသော ပြည်၊ သွေ့ခြောက်၍ သေမင်းအရိပ် လွှမ်းမိုးသောပြည် ၊ ခရီး သွားသောသူ၊ နေရာ ကျသောသူ မ ရှိသော ပြည်တရှောက် လုံးသို့ပို့ဆောင်သော ထာဝရဘုရား သည် အဘယ်မှာ ရှိတော်မူသနည်းဟု မ မေး ကြ။