ထို အရာတို့သည် ပျက်စီး ခြင်းသို့ ရောက်သော်လည်း ၊ ကိုယ်တော် သည် အမြဲတည် တော်မူ၏။ ထို အရာ ရှိသမျှ တို့သည် အဝတ် ကဲ့သို့ ဟောင်းနွမ်း ခြင်းသို့ရောက်၍ ၊ ကိုယ်တော်သည် ဝတ်လုံ ကိုလဲ သကဲ့သို့ လဲတော်မူသဖြင့်၊ ပြောင်းလဲ ခြင်းရှိကြသော်လည်း၊
TSK
TSK · ရှင်လုကာခရစ်ဝင်။ 21:33
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
မိုဃ်း ကောင်းကင်ကို မျှော် ၍ကြည့်ကြလော့။ မြေကြီး ကိုလည်း ငုံ့ ၍ ကြည့် ကြလော့။ မိုဃ်းကောင်းကင် သည် မီးခိုး ကဲ့သို့ ကွယ်ပျောက် ၍ ၊ မြေကြီး သည် အဝတ် ကဲ့သို့ ဟောင်းနွမ်း လိမ့်မည်။ မြေကြီး သား တို့သည် ခြင် ကောင်ကဲ့သို့ သေ ကြလိမ့်မည်။ ငါ ၏ ကယ်တင် ခြင်းတရား မူကား အစဉ် အမြဲတည် လိမ့်မည်။ ငါ ၏ ဖြောင့်မတ် ခြင်း တရားလည်း ပပျောက် ခြင်း မ ရှိနိုင်ရာ။
ကောင်းကင် နှင့် မြေကြီး မ တည်သော်လည်း ငါ့ စကား တည် လိမ့်မည်။
ထာဝရ ဘုရား၏ နှုတ်ကပတ် တရားမူကား ၊ ကာလအစဉ်အမြဲ တည် ၏။ ထို နှုတ်ကပတ် တော်သည်၊သင် တို့အား ဟောပြော သော ဧဝံဂေလိတရားဖြစ် သတည်း။
တစ်ဖန်တုံ ၊ ဖြူ သောပလ္လင် ကြီး ကို၎င်း ၊ ပလ္လင် ပေါ်မှာ ထိုင် တော်မူသောသူ ကို၎င်း ငါမြင် ၏။ ကောင်းကင် နှင့် မြေကြီး သည် မျက်နှာ တော်ရှေ့မှ ပြေး လွင့်၍ သူ တို့နေစရာအရပ် မ ရှိ ။