ငါ သည် အစဉ်အမြဲ အသက် ရှင်ပေ၏ဟု ငါ့ လက် ကို ကောင်းကင် သို့ ချီ ၍ ကျိန်ဆို ၏။
TSK
TSK · တောလည်ရာကျမ်း 14:21
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
ဘုန်းကြီး သော နာမ တော်သည်လည်း အစဉ် အမြဲမင်္ဂလာ ရှိတော်မူစေသတည်း။ မြေကြီး တပြင်လုံး သည် ဘုန်း တော်နှင့်ပြည့်စုံ ပါစေသတည်း။ အာမင် နှင့် အာမင်။
အရပ်ရပ် သို့ မျှော် ကြည့်လော့။ ဤသူ အပေါင်း တို့သည် စုဝေး ၍ သင့် ထံသို့ လာ ကြ၏။ ထာဝရဘုရား မိန့် တော်မူသည်ကား၊ ငါ အသက် ရှင်သည်ဖြစ်၍၊ သင် သည် တင့်တယ်သော အဝတ် ကို ဝတ် သကဲ့သို့ ၊ ဤသူ အပေါင်း တို့ကို ဝတ်လိမ့်မည်။ မင်္ဂလာဆောင်သတို့သမီး ပြုသည် နည်းတူ တန်ဆာဆင် လိမ့်မည်။
ထိုကြောင့် ၊ အရှင် ထာဝရဘုရား မိန့် တော်မူသည် ကား၊ ငါ အသက် ရှင်သည်အတိုင်း ၊ စက်ဆုပ် ရွံရှာဘွယ်သော အမှုအရာအပေါင်း တို့နှင့် ငါ ၏သန့်ရှင်း ရာ ဌာနကို သင်သည်ညစ်ညူး စေသောကြောင့် ၊ ငါ သည် လည်း သင့် ကိုမ နှမြော ၊ မ စုံမက် ဘဲမျက်နှာ လွှဲမည်။
အဲဂုတ္တု ပြည် နှင့်ဆိုင်သော တော ၌ သင် တို့၏ ဘိုးဘေး များနှင့်တရား တွေ့သကဲ့သို့ သင် တို့နှင့် တရား တွေ့မည်။
တဖန်အရှင် ထာဝရဘုရား ၏ အမိန့် တော်ကို ဆင့်ဆို ရမည်မှာ၊ ငါ အသက်ရှင် သည်အတိုင်း၊ ပျက်စီး သော အရပ်၌ နေသော သူတို့ သည် ထား ဖြင့် လဲ ၍ သေရ ကြလိမ့်မည်။ လွင်ပြင် ၌ ရှိသောသူတို့ ကို ငါသည်သားရဲ ၌ အပ် ၍ ကိုက်စား စေမည်။ ရဲတိုက် ဥမင် ၌ ရှိသော သူတို့ သည် ကာလနာ နှင့် သေ ရကြလိမ့်မည်။
သို့ဖြစ်၍ ၊ ဣသရေလ အမျိုး၏ ဘုရား သခင်၊ ကောင်းကင် ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့် တော်မူသည် ကား၊ မောဘ ပြည် နှင့် အမ္မုန် ပြည် သည်၊ သောဒုံ မြို့နှင့် ဂေါမောရ မြို့ ကဲ့သို့ ဆူး ပင်ပေါက်သောအရပ် ၊ ဆား ချက်ဘို့ မြေတူးရာအရပ် ၊ အစဉ် အမြဲပျက်စီး ရာအရပ် ဖြစ် ၍ ၊ ကျန် ကြွင်းသော ငါ ၏လူ ၊ ငါ ၏အမျိုးသား တို့သည် လုယူ သိမ်းစား ကြလိမ့်မည်။