လူ ၌ ကပ်သော မ စင်ကြယ်သော အရာတစုံတခုကို လည်း မသိဘဲ ထိမိ ၍ နောက်တဖန် သိလျှင်၊ အပြစ်ရှိရာသို့ ရောက်သော်၎င်း၊
TSK
TSK · တောလည်ရာကျမ်း 19:13
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
တစုံ တယောက်သောသူသည်၊ ထာဝရဘုရား ပညတ် တော်မူသောအမှုတစုံ တခုကို ပြု ၍ ပြစ်မှား မိလျှင် ၊ ကိုယ်ပြစ်မှားမှန်းကို မ သိ သော်လည်း အပြစ် ရောက်၍ ထိုအပြစ် ကိုခံရ မည်။
ယဇ် ပုရောဟိတ်သည် အပြစ် ဖြေရာယဇ်ဘို့တကောင် ၊ မီး ရှို့ရာယဇ်ဘို့တကောင် ကို ပူဇော် ၍ ၊ ဥတုမ စင်ကြယ်သော မိန်းမ အဘို့ ထာဝရဘုရား ရှေ့ တော်၌ အပြစ် ဖြေခြင်းကို ပြုရမည်။
ထာဝရဘုရား အဘို့ ဣသရေလ အမျိုးသား သန့်ရှင်း စေသဖြင့် ၊ သန့်ရှင်း ခြင်းရှိသောအရာတို့ကို ၊ ကိုယ် မ စင်ကြယ်လျက် နှင့် ချဉ်းကပ် သော ယဇ်ပုရောဟိတ်အမျိုးသား မည်သည်ကား၊ ငါ့ ထံ မှ ပယ်ရှင်း ခြင်းကိုခံရမည်။ ငါ သည် ထာဝရဘုရား ဖြစ်၏။
စင်ကြယ် စေခြင်းငှါ ပြု ရမည်အမှုဟူမူကား ၊ စင်ကြယ် ခြင်း မင်္ဂလာရေ ကို သူ တို့အပေါ် မှာဖြန်း ၍၊ သူ တို့ သည် တကိုယ်လုံး ကို အမွေး ရိတ်ခြင်း၊ အဝတ် လျှော် ခြင်း ကို ပြုသဖြင့် စင်ကြယ် စေရမည်။
ဣသရေလ အမျိုးသားဖြစ်စေ ၊ တပါး အမျိုးသားဖြစ်စေ ၊ ရဲရင့် စွာပြစ်မှား လျှင် ၊ ထာဝရဘုရား ကို မ ရိုသေရာသို့ ရောက်သည်ဖြစ်၍၊ ထို သူကို သူ ၏အမျိုး မှ ပယ်ရှင်း ရမည်။
စင်ကြယ် သောသူသည်၊ ဟုဿုပ် ပင်ညွန့်ကို ရေ ၌ နှစ် ၍ တဲ ပေါ်မှာ ၎င်း၊ တန်ဆာ များ၊ တဲ၌ရှိ သောလူ များပေါ်မှာ ၎င်း၊ လူသေအရိုး ၊ သတ် ၍သေသောသူ၊ နာ ၍သေသောသူ၊ လူသင်္ချိုင်း ကို ထိ သောသူပေါ်မှာ ၎င်း၊ ထိုရေကို ဖြန်း ရမည်။
မ တရားသောသူသည် မ တရားသဖြင့် ပြုစဉ်အခါ ၊ လှဲ ခြင်းကို ခံရ၏။ ဖြောင့်မတ် သောသူမူကား ၊ သေ သောအခါ၌ ပင် မြော်လင့် စရာရှိ၏။
ကောင်းကင် တမန်များအားဖြင့် ထား တော်မူသော ဗျာဒိတ် တော်သည် တည် ၍ ပြစ်မှား လွန်ကျူး ခြင်း အမှု အမျိုးမျိုး တို့သည် ခံထိုက် သော အပြစ် ဒဏ်ကို ခံရ သည်မှန်လျှင် ၊
ကြောက် တတ်သောသူ၊ မယုံကြည် သောသူ၊ စက်ဆုပ် ရွံ့ရှာဘွယ်သောသူ၊ လူ အသက်ကိုသတ်သောသူ၊ မတရား သောမေထုန်၌မှီဝဲသောသူ၊ ပြုစား တတ်သောသူ၊ ရုပ်တု ကိုးကွယ်သောသူ၊ သစ္စာ ပျက်သောသူ အပေါင်း တို့မူကား၊ ဒုတိယ သေ ခြင်းတည်းဟူသောကန့် နှင့်လောင် သောမီး အိုင် ထဲ၌ မိမိ တို့အဘို့ကို ရကြလိမ့်မည်ဟူ၍၎င်း ငါ့ အား မိန့် တော်မူ၏။
ပြင် ၌ကား၊ ခွေး ဖြစ်သောသူ ၊ ပြုစား တတ်သောသူ၊ မတရား သောမေထုန်၌မှီဝဲသောသူ၊ လူ အသက်ကို သတ်သောသူ၊ ရုပ်တု ကိုကိုးကွယ်သောသူ၊ သစ္စာ ပျက် ခြင်းကို နှစ်သက် ၍ ပြု သောသူအပေါင်း တို့သည် ရှိကြ၏။