ယခု မှာ သူ ၏မယား ကို သူ့အားပြန် ပေးလော့။ သူ သည် ပရောဖက် ဖြစ်၏။ သင့် အဘို့ ဆုတောင်း လျက် ၊ သင်သည် အသက် ချမ်းသာရလိမ့်မည်။ ပြန် ၍ မ ပေးဘဲ နေလျှင် သင် မှစ၍ သင် နှင့်ဆိုင် သော သူအပေါင်း တို့ သည် ဧကန် အမှန်သေ မည်ဟု မိန့် တော်မူ၏။
TSK
TSK · တောလည်ရာကျမ်း 21:7
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
ထိုအခါ ဖါရော မင်းသည်၊ မောရှေ နှင့် အာရုန် ကို ခေါ် ၍ ၊ ထာဝရဘုရား သည် ဘား တို့ကိုငါ နှင့် ငါ့ လူ တို့ ထံမှ ပယ်ရှား တော်မူမည်အကြောင်း တောင်းပန် လော့။ ဣသရေလလူ တို့သည် ထာဝရဘုရား အား ယဇ်ပူဇော် ရသောအခွင့် ကို ငါပေးမည်ဟု ဆို ၏။
ထိုအခါ ဖါရော ဘုရင်သည် လူကိုစေလွှတ် ၍ ၊ မောရှေ နှင့် အာရုန် ကို ခေါ် ပြီးလျှင် ၊ ဤအမှု၌ ငါပြစ်မှား ပြီ။ ထာဝရဘုရား သည် ဖြောင့်မတ် တော်မူ၏။ ငါ နှင့် ငါ ၏လူ တို့သည် အပြစ် များပါ၏။
သို့ဖြစ်၍ သည်တခါ ငါ့ အပြစ် ကို သည်းခံ ပါလော့။ သင် တို့၏ဘုရား သခင်ထာဝရဘုရား သည်၊ ဤ သေဘေး တခုကိုသာ ငါ မှ ပယ်ရှား ပါမည်အကြောင်း တောင်းပန် ပါဟု ဆို သည်ရှိသော်၊
နက်ဖြန် နေ့၌ လည်း ၊ သင် တို့ပြစ်မှား သော အပြစ် ကြီး လှ၏။ ယခု မှာ ထာဝရဘုရား အထံ တော်သို့ ငါတက် သွား၍၊ သင်တို့ အပြစ် ဖြေ နိုင်လျှင် ဖြေစေခြင်းငှါ ပြုမည်ဟု မောရှေ သည် လူ များတို့အား ဆို ပြီးမှ၊
ကိုယ်တော်က၊ ထာဝရဘုရား သည်သည်းခံ သောသဘော၊ သနား သောသဘောနှင့်ပြည့်စုံတော်မူထသော၊ အဓမ္မ ကျင့်ခြင်း၊ တရားတော်ကို လွန်ကျူးခြင်း အပြစ် တို့ကို ဖြေလွှတ် သော်လည်း ၊ အချည်းနှီးသက်သက်ဖြေလွှတ် တော်မ မူထသော၊ လူအစဉ်အဆက်၊ တတိယ အဆက်၊ စတုတ္တ အဆက်တိုင်အောင် ၊ အဘ တို့၏အပြစ် ကိုသား တို့၌ ဆပ်ပေး စီရင်တော်မူသော ဘုရားသခင်ဖြစ်၏ဟု မိန့် တော်မူသည်အတိုင်း ၊
ထာဝရဘုရား အား လည်း ၊ အိုအရှင် ဘုရားသခင်၊ တန်ခိုး တော်အားဖြင့် ရွေး တော်မူ၍ ၊ အားကြီး သော လက် တော်နှင့် အဲဂုတ္တု ပြည်မှ နှုတ်ဆောင် တော်မူသော ကိုယ်တော် ၏အမွေ ဥစ္စာဖြစ်သော ဤလူ တို့ ကို ဖျက်ဆီး တော်မ မူပါနှင့်။
ရှောလု ကလည်း ၊ အကျွန်ုပ်သည် ပြစ်မှား ပါပြီ။ လူ များကို ကြောက် ၍ သူ တို့စကား ကို နားထောင် သောကြောင့် ၊ ထာဝရဘုရား ၏ အမိန့် တော်ကို၎င်း ၊ ကိုယ်တော် ၏ စကား ကို၎င်းလွန်ကျူး ပါပြီ။
¶ ရှင် ဘုရင်ကလည်း၊ ငါ့ လက် ၌ ရောက်သောရောဂါကို ပျောက်စေမည်အကြောင်း ၊ ငါ့ အတွက် ပဌနာ ပြု ၍ သင် ၏ဘုရားသခင် ထာဝရဘုရား ရှေ့ တော်၌ တောင်းပန် ပါလော့ဟုဘုရားသခင် ၏ လူ ကို ပြောဆို ၏။ ဘုရားသခင် ၏လူ သည် ထာဝရဘုရား ကို တောင်းပန် သဖြင့် ၊ ရှင်ဘုရင် လက် သည် ရောဂါပျောက်၍ ပကတိ အတိုင်း ဖြစ် လေ၏။
ယောဘသည် အဆွေ ခင်ပွန်းတို့အဘို့ ဆုတောင်း ပြီးမှ ၊ သူခံရ သောဒုက္ခအကြောင်းကို ထာဝရဘုရား သည် ပယ်ရှင်း ၍ ၊ အရင်ထက် နှစ် ဆသောဥစ္စာကို ပေး တော်မူ၏။
ထိုအခါ ရွေးကောက် တော်မူသောမောရှေ သည် အမျက် တော်ကို လွှဲ ၍၊ ထိုသူတို့ကို ဖျက်ဆီး တော်မမူစေခြင်းငှါ ၊ ဖျက်ဆီး ရာအရပ်၊ ရှေ့ တော်၌ မ ရပ် လျှင်၊ သူ တို့ကို ဖျက်ဆီး မည်ဟု အကြံ ရှိတော်မူ၏။
တရံရောအခါဇေဒကိ မင်းကြီး သည်၊ ရှေလမိ သား ယေဟုကလ နှင့် ယဇ်ပုရောဟိတ် မာသေယ သား ဇေဖနိ တို့ကို ပရောဖက် ယေရမိ ထံ သို့ စေလွှတ် ၍ ၊ ငါ တို့ အဘို့ ငါ တို့ဘုရား သခင်ထာဝရဘုရား အား ဆုတောင်း ပါလော့ဟု မှာ လိုက်၏။
အကျွန်ုပ်ပြစ်မှား ပါပြီ။ အပြစ် မရှိသောသူ၏ အသွေး ကိုအပ် မိပါပြီဟု ဆို ၏။ ထိုသူ တို့ကလည်း ငါ တို့နှင့် အဘယ်သို့ ဆိုင်သနည်း။ ကိုယ် အမှုကို ကိုယ်ကြည့် လော့ဟု ဆို ကြသော်၊
¶ ညီအစ်ကို တို့၊ ဣသရေလ လူတို့သည် ကယ်တင် တော်မူခြင်းသို့ ရောက်စေခြင်းငှာ ၊ ငါ ၏စေတနာ အလိုရှိ ၍ ဘုရားသခင် ကို ဆုတောင်း လေ့ရှိ၏။