TSK

TSK · ရာဇဝင်ချုပ်ပဌမစောင်။ 21:15

مراجع Treasury of Scripture Knowledge في မြန်မာကျမ်းစာ.

العودة إلى المقطع

တန် ပါပြီ။ အားကြီး သော မိုဃ်းကြိုး နှင့် မိုဃ်းသီး စဲမည်အကြောင်း၊ ထာဝရဘုရား ကို တောင်းပန် ပါ။ သင် တို့ကို ငါမ ဆီးမတား အလျင်အမြန်လွှတ် မည်ဟု ဆို လေ၏။

ထာဝရဘုရား သည် တရားသူကြီး ကို ပေါ်ထွန်း စေသောအခါ သူ နှင့်အတူ ရှိ ၍ ၊ သူ့ လက်ထက် ပတ်လုံး ဣသရေလ လူတို့ကို ရန်သူ ၏လက် မှ ကယ်လွှတ် တော်မူ၏။ အကြောင်းမူကား ၊ သူတို့သည် နှောင့်ရှက် ညှဉ်းဆဲ ခြင်းကို ခံရ၍ မြည်တမ်း ကြသောအခါ ထာဝရဘုရား သည် နောင်တရ တော်မူ၏။

ကောင်းကင် တမန်သည် ယေရုရှလင် မြို့ကို ဖျက်ဆီး မည်ဟု လက် ကိုဆန့် သောအခါ ၊ ထာဝရဘုရား သည် ထိုဘေး ကြောင့် နောင်တ ရတော်မူ၍ ၊ တန် ပြီ။ သင့် လက် ကို ရုပ်သိမ်း လော့ဟု လူ တို့ကို ဖျက်ဆီး သော ကောင်းကင် တမန်အား မိန့် တော်မူ၏။ ထိုအခါ ထာဝရဘုရား ၏ ကောင်းကင်တမန် သည် ယေဗုသိ လူအရောန ၏ ကောက်နယ် တလင်းအနား မှာ ရှိ ၏။

¶ သူ့ကိုယ်တိုင်သည် တော သို့ တနေ့ ခရီးသွား ပြီးလျှင် ၊ ရသမ် ပင်အောက် သို့ရောက် ၍ ထိုင် လေ၏။ ထိုအခါ ကိုယ် အသက် သေ ရမည်အကြောင်း ဆုတောင်း လျက် ၊ အိုထာဝရဘုရား ၊ ယခု တန် ပါ၏။ အကျွန်ုပ် အသက် ကို သိမ်းယူ တော်မူပါ။ အကျွန်ုပ် သည် ဘိုးဘေး တို့ ထက် သာ၍ မ ကောင်းပါဟု မြည်တမ်း ပြီးလျှင်၊

ကိုယ်တော် မူကား ၊ ကရုဏာ စိတ်ရှိ၍ သူတို့ကို မ ဖျက်ဆီး ဘဲ အပြစ် လွှတ် တော်မူ၏။ ကြိမ်ဖန်များစွာ စိတ် တော်ပြေ ၍ ၊ အမျက် တော် ကိုနှိုးဆော် တော်မ မူ။

ရှေ့ဦး စွာငါ ၏ နာမ ကို ငါတည် စေသောအရပ် ၊ ရှိလော ရွာ၌ ရှိသော ငါ့ အရပ် ဌာနသို့ သွား ၍ ၊ ငါ ၏အမျိုး ဣသရေလ လူတို့၏ အပြစ် ကြောင့် ၊ ထို အရပ်ကို အဘယ် သို့ငါပြု ဘူးသည်ကို ကြည့်ရှု ကြလော့။

ဤ အိမ် တော်သည် ရှိလော ရွာကဲ့သို့ ဖြစ် လိမ့်မည် ။ ဤ မြို့ သည် လူမ ရှိ ၊ ဆိတ်ညံ ရာအရပ်ဖြစ်လိမ့်မည်ဟု သင်သည် ထာဝရဘုရား ၏နာမ တော်ကို အမှီ ပြု၍ အဘယ်ကြောင့် ဟော သနည်းဟုပြော ဆိုလျက် ၊ လူ များ အပေါင်း တို့သည် ဗိမာန် တော်တွင် ယေရမိ တဘက် ၌ စုဝေး ကြ၏။

ကိုယ်တော် သည် သနား စုံမက်တတ်သော ဘုရား ဖြစ်၍ စိတ်ရှည် သောသဘော၊ ကျေးဇူး ပြုချင်သော သဘော၊ အပြစ်ဒဏ် ပေးမည့်အမှုကို နောင်တရ တတ်သော သဘောရှိတော်မူကြောင်း ကို အကျွန်ုပ် သိ ပါ၏။

သုံး ကြိမ်မြောက်အောင် သူ တို့ရှိရာသို့ ပြန်လာ လျှင် ၊ ယခု အိပ်ပျော် ၍ ငြိမ်ဝပ် စွာနေကြလော့။ အမှုလွန် ပြီ။ လူ သား ကို ဆိုး သောသူ တို့လက် သို့ အပ်နှံ ရသောအချိန် ရောက်လာ ပြီ။”