TSK

TSK · ဒံယေလအနာဂတ္တိကျမ်း။ 1:2

مراجع Treasury of Scripture Knowledge في မြန်မာကျမ်းစာ.

العودة إلى المقطع

အရှေ့ မျက်နှာမှ ခရီး သွားသဖြင့် ၊ ရှိနာ ပြည် ၌ မြေညီ ရာအရပ် ကိုတွေ့ ၍ နေရာ ချကြ၏။

သူ တို့ခိုလှုံစရာကျောက် သည် သူ တို့ကိုမ ရောင်း ၊ ထာဝရဘုရား သည် သူ တို့ကို အပ် တော်မမူလျှင် ၊ လူတယောက် သည် လူတထောင် ကို အဘယ်သို့ နှင်နိုင်မည်နည်း။ လူနှစ် ယောက်သည် လူတသောင်း ကို အဘယ်သို့ပြေး စေနိုင်မည်နည်း။

ထာဝရဘုရား သည် ဣသရေလ အမျိုး၌ ပြင်းစွာအမျက် တော်ထွက်၍ ၊ မေသောပေါတာမိ ရှင်ဘုရင် ခုရှံရိရှသိမ် ၌ ရောင်း တော်မူသဖြင့်၊ ဣသရေလ လူတို့သည် ရှစ် နှစ် ပတ်လုံးထိုရှင်ဘုရင် ထံ၌ ကျွန်ခံ ရကြ၏။

ဖိလိတ္တိ မင်း တို့ကို၊ ငါ တို့ဘုရား သည် ငါ တို့ ရန်သူ ကို ငါ တို့လက် သို့ အပ် တော်မူပြီဟု ဆို လျက်၊ သူ တို့ ဘုရား ဒါဂုန် အား ယဇ် ကြီး ကို ပူဇော် ၍ ပျော်မွေ့ ခြင်းကို ပြုအံ့သောငှါစည်းဝေး ကြ၏။

ရှောလု၏ ခေါင်း ကို ဖြတ် ၍ လက်နက် တော်ကို ချွတ် ပြီးမှ သူ တို့ ရုပ်တု ကျောင်း များ၌၎င်း၊ လူ များတို့၌၎င်း၊ သိတင်း ကျော်စောစေခြင်းငှါ ဖိလိတ္တိ ပြည် အရပ်ရပ်သို့ ပေး လိုက်ကြ၏။

သူ တို့ကို တပါးအမျိုးသား တို့လက် သို့ အပ် တော်မူသဖြင့် ၊ မုန်း သောသူတို့သည် အုပ်စိုး ရကြ၏။

လုယူ ရာဖြစ်စေခြင်းငှါ ယာကုပ် ကို၎င်း ၊ ထားပြ တို့ လက်သို့ ဣသရေလ ကို၎င်း အဘယ်သူ အပ် သနည်း။ ငါတို့ ပြစ်မှား သော အရှင်ထာဝရဘုရား အပ်တော်မူသည် မ ဟုတ်လော။ သူတို့သည် နောက် တော်သို့ မ လိုက် ၊ တရား တော်ကို မ ကျင့် ဘဲ နေကြ၏။

ဗာဗုလုန် မြို့၌ ဗေလ ဘုရားကို လည်း ငါသည် ဒဏ်ပေးမည်။ သူ မျို သောအရာတို့ကို တဖန်အန် စေမည်။ လူ အမျိုးမျိုးတို့သည် နောက် တဖန်သူ့ ထံမှာ မ စည်းဝေး ရကြ။ မြို့ရိုး လည်းပြိုလဲ လျက်ရှိရလိမ့်မည်။

စပျစ်ရည် ကို မြည်းစမ်းသောအခါ၊ ယေရုရှလင် မြို့ ဗိမာန် တော် ထဲက ခမည်းတော် နေဗုခဒ်နေဇာ သိမ်းယူ ဆောင်ခဲ့သော ရွှေ ဖလား ၊ ငွေ ဖလားတို့နှင့် ကိုယ်တော်တိုင်မှစ၍မင်းသား ၊ မိဖုရား ၊ မောင်းမမိဿံ တို့သည် သောက် ရမည်အကြောင်း၊ ထိုဖလားတို့ကို ယူ ခဲ့ရမည်ဟု အမိန့် တော်ရှိသည်အတိုင်း၊

မိမိ ကွန် အား ယဇ် ပူဇော်၍ ၊ မိမိ ပိုက် အား နံ့သာပေါင်းကို မီးရှို့ တတ်၏။ အကြောင်း မူကား၊ ထို တန်ဆာအားဖြင့် ဥစ္စာ ရတတ်၍ ဝ စွာစားရ၏။