အရှေ့ မျက်နှာမှ ခရီး သွားသဖြင့် ၊ ရှိနာ ပြည် ၌ မြေညီ ရာအရပ် ကိုတွေ့ ၍ နေရာ ချကြ၏။
TSK
TSK · ဒံယေလအနာဂတ္တိကျမ်း။ 4:30
مراجع Treasury of Scripture Knowledge في မြန်မာကျမ်းစာ.
ငါ တည်ဆောက် ရသော အိမ် တော်သည် ကြီး ရမည်။ ငါ တို့ဘုရားသခင် သည် ဘုရား တကာ တို့ထက် ကြီးမြတ် တော်မူ၏။
ဂုဏ် အသရေနှင့် ပြည့်စုံလျက် ပညာ သတိမ ရှိ သောသူသည်ကား ၊ ပျက်စီး ခြင်းသို့ ရောက်တတ်သော တိရစ္ဆာန် နှင့် တူ ၏။
¶ အို ငါ့ ဝိညာဉ် ၊ ထာဝရဘုရား ကို ကောင်းကြီး ပေး လော့။ အကျွန်ုပ် ၏ ဘုရား သခင်ထာဝရဘုရား ၊ ကိုယ်တော် သည် အလွန် ကြီးမြတ် တော်မူ၏။ ဘုန်း တန်ခိုး အာနုဘော် နှင့် တန်ဆာ ဆင်တော်မူ၏။
မာန ထောင်လွှား သောအခါ အရှက် ကွဲခြင်း ဖြစ် တတ်၏။ စိတ် နှိမ့်ချသောသူတို့၌ ကား ပညာ ရှိ၏။
သူသည် အဘယ်သို့ဆိုသနည်းဟူမူကား၊ ငါ ၏ မှုးမတ် တို့သည် မင်းကြီး ဖြစ်ကြသည်မဟုတ် လော။
အချင်းလူသား ၊ အရှင် ထာဝရဘုရား ၏ အမိန့် တော်ကို တုရု ရှင်ဘုရင် အား ဆင့်ဆို ရမည်မှာ၊ သင်သည် ကိုယ်ကို ဘုရားသခင် ကဲ့သို့ ထင်မှတ် သော်လည်း ဘုရားသခင် မ ဟုတ်၊ လူ သက်သက်ဖြစ်လျက်နှင့် ငါ သည် ဘုရား ဖြစ်၏၊ ပင်လယ် အလယ် ၌ ဘုရား ပလ္လင် ပေါ်မှာငါထိုင် သည်ဟု ဝါကြွား သောစိတ် နှင့် ဆို သည်ဖြစ်၍၊
အရှင် မင်းကြီး၊ အမြင့်ဆုံး သော ဘုရား သခင်သည် ခမည်းတော် နေဗုခဒ်နေဇာ မင်းကြီး၌ နိုင်ငံ တော် နှင့်တကွရွှေဘုန်း တော်မြတ်၊ ဂုဏ် အသရေတော်ကိုပေး သနားတော်မူ၏။
စိတ် မြင့်သောသူသည် သဘော မ ဖြောင့်။ ဖြောင့်မတ် သော သူမူကား ၊ မိမိ ယုံကြည် ခြင်းအားဖြင့် အသက် ရှင်လိမ့်မည်။
သင်တို့နှစ်ယောက်ကို ခေါ်ဖိတ် သောသူ က၊ ဤ သူအား နေရာ ကိုပေး လော့ဟုလာ ၍ ပြော လိမ့်မည်။ ထိုအခါ သင်သည် ရှက်ကြောက် ခြင်းနှင့် နိမ့် သောနေရာ သို့ ဆင်း ရလိမ့်မည်။
သင်တို့သည်စား သော်၎င်း၊ သောက် သော်၎င်း၊ မည်သည့် အမှုကို ပြု သော်၎င်း၊ ဘုရားသခင် ၏ ဘုန်း တော်ကို ထောက် ၍ခပ်သိမ်း သောအမှုကိစ္စကို ပြု ကြလော့။
လျှပ်စစ် ပြက်ခြင်း၊ အသံမြည် ခြင်း၊ မိုဃ်းချူန်း ခြင်း၊ ကြီးစွာ သော မြေလှုပ် ခြင်းဖြစ် ကြ၏။ မြေကြီး အပေါ်မှာ လူတို့ ဖြစ် သည့် ကာလ မှစ၍ ထိုသို့သော လက္ခဏာနှင့် ထိုမျှလောက်ပြင်းထန် စွာသော မြေလှုပ် ခြင်းသည်မ ဖြစ် စဖူး။
မတရား သောမေထုန်ကို သူ နှင့် ပြု၍ ကာမဂုဏ် ၌ ပျော်မွေ့သော လောကီ ရှင်ဘုရင် တို့သည်၊ သူ ကျွမ်းလောင် ရာ မီးခိုး ကို မြင် သောအခါ ၊
လူ အမျိုးမျိုးတို့သည် ထိုမြို့ ၏ အလင်း ကို အမှီပြု သွားလာ ကြလိမ့်မည်။ လောကီ ရှင်ဘုရင် တို့သည်လည်း မိမိ တို့ဘုန်း အသရေကို ထိုမြို့ ထဲသို့ ဆောင်ခဲ့ ကြလိမ့်မည်။