တေရ ၏ သားစဉ် မြေးဆက်ဟူမူကား ၊ တေရ သည် အာဗြံ ၊ နာခေါ် ၊ ခါရန် တို့ကိုမြင် လေ၏။
TSK
TSK · ကမ္ဘာဦးကျမ်း 13:8
مراجع Treasury of Scripture Knowledge في မြန်မာကျမ်းစာ.
သင်တို့သည် လမ်း ၌ ရန် မ တွေ့ကြနှင့်ဟု မှာ ထားလျက် အစ်ကို တို့ကို လွှတ် လိုက်၍ သူတို့သည် သွား ကြ၏။
ဧဗက် ၏သား ဂါလ သည် မိမိ ညီအစ်ကို တို့နှင့်အတူ ရှေခင် မြို့ဘက်သို့ ဝင် ၍ ရှေခင် မြို့သား တို့သည် သူ့ ကို ကိုးစား ကြ၏။
¶ ဖြည်းညှင်း သော စကား သည် စိတ် ကိုဖြေ တတ် ၏။ ကြမ်းတမ်း သောစကား မူကား ၊ အမျက် ကို နှိုးဆော် တတ်၏။
ရန်တွေ့ ခြင်းကို ငြိမ်းစေ သောသူ သည် ဂုဏ် အသရေရှိ၏။ မိုက် သောသူမူကား ၊ အမှု နှင့်ရောနှောတတ်၏။
နက်ဖြန် နေ့ ၌ အချင်းချင်းခိုက်ရန် ပြုကြသော သူ တို့ရှိရာသို့ သွား ၍ ၊ အချင်းလူ တို့၊ ညီအစ်ကို ချင်းဖြစ် လျက်နှင့် အဘယ်ကြောင့် တစ် ယောက်ကိုတစ်ယောက်ညှဉ်းဆဲ ကြသနည်းဟု ဆို ၍ ရန်ငြိမ်း ရာသို့ သွေးဆောင် သည်ရှိသော်၊
ညီအစ်ကို ချင်းတို့သည် တရား တွေ့သည် သာမက၊ မယုံကြည် သော သူတို့ရှေ့ ၌ပင် တရားတွေ့ပါ သည်တကား။
သင်တို့သည် ပြုလေသမျှ တို့၌ မြည်တမ်း ခြင်း၊ ငြင်းခုံ ခြင်းမ ရှိဘဲ ပြု ကြလော့။။
လူအပေါင်း တို့နှင့် အသင့်အတင့်နေ၍ ငြိမ်သက် ခြင်းကို၎င်း၊ သန့်ရှင်း ခြင်းပါရမီကို၎င်း၊ မှီအောင် လိုက် ကြလော့။ သန့်ရှင်းခြင်းပါရမီမ ရှိလျှင်၊ အဘယ်သူ မျှ ထာဝရ ဘုရားကို မဖူး မမြင်ရ
အထက် မှ သက်ရောက်သောပညာ မူကား ၊ ရှေ့ဦးစွာ စင်ကြယ် ၏။ ထိုမှတပါး ၊ အသင့်အတင့်နေ တတ်ကြ၏။ ဖြည်းညှင်း သောသဘောရှိ၏။ သွေးဆောင် လွယ်၏။ ကရုဏာ နှင့်၎င်း ၊ ကောင်းကျိုး နှင့်၎င်း ပြည့်စုံ ၏။ လျစ်လျူသောစိတ် ရှိ၏။ လျှို့ဝှက် ခြင်းနှင့်ကင်းစင်၏။
ခပ်သိမ်း သောသူတို့ကို ရိုသေ ကြလော့။ ညီအစ်ကို များကို ချစ် ကြလော့။ ဘုရားသခင် ကို ကြောက်ရွံ့ ခြင်း၊ ရှင်ဘုရင် ကိုရိုသေ ခြင်း ရှိကြလော့။
အခြားသောအမှုအရာထက်မက၊ အချင်းချင်း အားကြီး သော ချစ် ခြင်းမေတ္တာသည် များစွာ သော အပြစ် တို့ကို ဖုံးအုပ် တတ်၏။
မိမိ ညီအစ်ကို ကိုမုန်း လျက် ပင်၊ ငါသည် အလင်း ၌ ရှိ ၏ ဟုဆို သောသူ သည်ယခု တိုင်အောင် မှောင်မိုက် ၌ ရှိ သေး၏။
ချစ်သူ တို့၊ ငါတို့သည် အချင်းချင်း ချစ် ကြကုန်အံ့၊ အကြောင်းမူကား ၊ ချစ် ခြင်းမေတ္တာသည် ဘုရားသခင် နှင့် စပ်ဆိုင် ၏။ ချစ် တတ်သောသူမည်သည်ကား၊ ဘုရားသခင် ဖြစ်ဘွား စေတော်မူသောသူဖြစ်၏။ ဘုရားသခင် ကို သိ သောသူလည်း ဖြစ် ၏။