ရှေမ သား ကား၊ ဧလံ ၊ အာရှရ ၊ အာဖါဇဒ် ၊ လုဒ ၊ အာရံ တည်း။
TSK
TSK · ဟေရှာယအနာဂတ္တိကျမ်း။ 21:2
مراجع Treasury of Scripture Knowledge في မြန်မာကျမ်းစာ.
ဆင်းရဲ သောသူသည် ခံရသောညှဉ်းဆဲ ခြင်း၊ ငတ်မွတ် သောသူ၏ ငိုကြွေး ခြင်းကြောင့် ယခု ငါထ မည်။ ကဲ့ရဲ့ ခြင်းကိုခံရသောသူ အား ချမ်းသာ ပေးမည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
အချုပ် ခံရသောသူ ၏ ညည်းတွား သံကို နားထောင်တော်မူပါ။ သေ ရသောသူ တို့ကို လက်ရုံး တော် တန်ခိုး ကြီးသည်နှင့်အညီ ချမ်းသာ ပေးတော်မူပါ။
ကောင်း သောဉာဏ် ရှိသောသူသည် မျက်နှာ ရ တတ်၏။ ပြစ်မှား သောသူတို့ လမ်း မူကား ၊ ခက် သော လမ်းဖြစ်၏။
ရှင်းလင်း သော တောင် ပေါ် မှာအလံ ကို ထူ ကြ။ ကျယ်သောအသံနှင့် အော်ဟစ် ကြ။ လက် ကိုလှုပ် ကြ။ သူတို့သည် မင်း တို့နေရာတံခါး များကို ဝင် ကြစေ။
¶ အကြောင်း မူကား၊ ထာဝရဘုရား သည် ယာကုပ် အမျိုးကို သနား ၍ ဣသရေလ အမျိုးကို တဖန် ရွေးကောက် သဖြင့် ၊ သူ တို့ကို နေရင်းပြည် ၌ နေရာ ချတော်မူလိမ့်မည်။ တကျွန်း တနိုင်ငံသားတို့သည် သူ တို့နှင့် ပေါင်းဘော် ၍ ယာကုပ် အမျိုး ၌ ဆည်းကပ် ကြ လိမ့်မည်။
မြေ တပြင်လုံး သည် ငြိမ်ဝပ် ချမ်းသာ ခြင်းရှိ၏။ ရွှင်လန်းစွာ သီချင်း ဆိုသံနှင့် ကြွေးကြော် ကြ၏။
သန့်ရှင်း တော်မူသောသူသည် ဘုန်းကြီး တော်မူစေသတည်းဟု မြေကြီး စွန်း မှ သီချင်း ဆိုသံကို ငါတို့သည် ကြား ရ၏။ ငါမူကား ၊ အလွန်ဆင်းရဲ ၏။ အလွန်ဆင်းရဲ ၏။ အမင်္ဂလာ ရှိ၏။ လုယက် သောသူတို့သည် လုယက် လျက် နေကြ၏။ လုယက် သောသူတို့သည် ကြမ်းတမ်းစွာ လုယက် ကြ၏။
ထာဝရဘုရား ကယ် လွှတ်တော်မူသောသူတို့ သည် ပြန်လာ ၍ ၊ သီချင်း ဆိုလျက် ၊ ထာဝရ ဝမ်းမြောက် ခြင်း သရဖူ ကို ဆောင်း လျက်၊ ဇိအုန် မြို့သို့ ရောက် ကြ လိမ့်မည်။ ဝမ်းမြောက် ရွှင်လန်း ခြင်း အခွင့် ကို ရကြ၍၊ ဝမ်းနည်း ခြင်းနှင့် ညည်းတွား ခြင်းသည် ပြေး သွားရ လိမ့်မည်။
ဇိမရိ မင်း အပေါင်း ၊ ဧလံ မင်း အပေါင်း ၊ မေဒိ မင်း အပေါင်း ၊
ဧဖရိမ် သည် ငါ ၏ ချစ် သား ဖြစ်သလော ။ ချစ်ဘွယ် သော သူငယ် ဖြစ်သလော။ သူ ၏အကြောင်းကို ငါ ပြော လေ ရာရာ၌ ငါသည် အလွန်တရာ အောက်မေ့ လျက်နေ၏။ ထိုကြောင့် ၊ ငါ သည် သူ့ အတွက် စိတ် ကြင်နာ ခြင်းရှိ၏။ အကယ်စင်စစ်သူ့ ကိုငါကယ်မ သနားမည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
ညည်းတွား ၍ စိတ်ပျက် ပါပြီဟု ဆို သည်ဖြစ်၍၊ သင်သည်ဆင့်ဆိုရမည်မှာ၊ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား မိန့် တော်မူသည် ကား၊
ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ဧလံ ၏လေး တည်းဟူသောသူ ၏ အစွမ်း သတ္တိအထွဋ် အမြတ်ကို ငါ ချိုး မည်။
သို့ရာတွင်၊ သူ တို့ကိုရွေးနှုတ် သော သခင်သည် အားကြီး ၏။ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား တည်းဟူသောဘွဲ့ နာမရှိတော်မူ၏။ ထိုသခင်သည်သူ တို့ အမှု ကို ကျပ်တည်းစွာစောင့် ၍၊ ပြည် တော်ကို ငြိမ်ဝပ် စေလျက်၊ ဗာဗုလုန် မြို့သူမြို့သားတို့ကို နှောင့်ရှက် လျက် ပြုတော်မူမည်။
မြှား တို့ကို ပွတ် ကြလော့။ ဒိုင်း လွှားတို့ကို ကိုင်စွဲ ကြလော့။ ထာဝရဘုရား သည် မေဒိ ရှင်ဘုရင် တို့ကို နှိုးဆော် တော်မူပြီ။ ဗာဗုလုန် မြို့ကို ဖျက်ဆီး မည် အကြံ ရှိတော်မူ၏။ အကြောင်း မူကား၊ ထာဝရဘုရား ၏ အမျက် တော်ကိုဖြေခြင်း၊ ဗိမာန် တော်ကိုဖျက်ဆီးသောအပြစ်နှင့် အလျောက်ဒဏ်ပေး ခြင်းအမှုဖြစ်သတည်း။
ဗာဗုလုန် မြို့၌ ဗေလ ဘုရားကို လည်း ငါသည် ဒဏ်ပေးမည်။ သူ မျို သောအရာတို့ကို တဖန်အန် စေမည်။ လူ အမျိုးမျိုးတို့သည် နောက် တဖန်သူ့ ထံမှာ မ စည်းဝေး ရကြ။ မြို့ရိုး လည်းပြိုလဲ လျက်ရှိရလိမ့်မည်။
ဗာဗုလုန် မြို့သည် မိုဃ်း ကောင်းကင်သို့တက် ၍ ၊ မြို့ရိုး အထွဋ် ကို ခိုင်ခံ့ စွာ တည်သော်လည်း၊ ငါ စေလွှတ်၍ လုယူ သောသူတို့ သည် သူ ရှိရာသို့ ရောက် ကြလိမ့်မည်ဟု၊ ထာဝရဘုရား မိန့် တော်မူ၏။
ဖေရက် ၏ အနက်အဓိပ္ပါယ်ကား၊ နိုင်ငံ တော်ကို ခွဲဝေ ၍ မေဒိ လူ၊ ပေရသိ လူတို့အား အပ် ပေးတော်မူ၏ဟု ဆိုလိုသတည်းဟု ဒံယေလသည် အထံတော်၌ ပြန်ကြား လျှောက်ထား၏။
ချို နှစ်ချောင်းနှင့် ပေါ် လာသော သိုး သည် မေဒိ ရှင်ဘုရင် ၊ ပေရသိ ရှင်ဘုရင်ဖြစ်၏။
ငြိမ်ဝပ် စွာနေသောတပါး အမျိုးသားတို့ကို အလွန် အမျက် ထွက်၏။ အကြောင်း မူကား၊ ငါ သည် ယေရုရှလင်မြို့ကို အနည်းငယ် အမျက် ထွက်သောအခါ သူတို့သည် ဝိုင်း ၍ ညှဉ်းဆဲ ကြပြီ။