TSK

TSK · ရှင်မာကုခရစ်ဝင်။ 8:11

مراجع Treasury of Scripture Knowledge في မြန်မာကျမ်းစာ.

العودة إلى المقطع

ထိုကြောင့် လူ များတို့က၊ သောက် ဘို့ရေ ပေး ပါဟု ဆို ၍ မောရှေ ကို ရန်တွေ့ ကြ၏။ မောရှေ ကလည်း ၊ ငါ့ ကို အဘယ်ကြောင့် ရန်တွေ့ ကြသနည်း။ ထာဝရဘုရား ကို အဘယ်ကြောင့် စုံစမ်း ကြသနည်းဟု ဆို လေ၏။

သင်သည် မဿာ အရပ်၌ ပြု သကဲ့သို့ ၊ သင် ၏ ဘုရား သခင်ထာဝရဘုရား ကို အစုံအစမ်း မ ပြုရ။

¶ ထိုအခါ အချို့ သောကျမ်းပြု ဆရာနှင့် ဖာရိရှဲ တို့က၊ အရှင် ဘုရား၊ အကျွန်ုပ်တို့သည် ကိုယ်တော် ပြတော်မူသော နိမိတ် လက္ခဏာတစ်စုံတစ်ခုကို မြင် ချင် ပါသည်ဟု လျှောက် ကြလျှင်၊

ဖာရိရှဲ တို့သည် အထံ တော်သို့လာ ၍ လူ သည် ခပ်သိမ်း သောအပြစ် ကြောင့် မိမိ မယား နှင့် ကွာ အပ်သလောဟု စုံစမ်း နှောင့်ရှက်ခြင်းငှာမေးလျှောက် ကြသော်၊

ထိုအခါ ဖာရိရှဲ တို့သည် ထွက်သွား ပြီးလျှင်၊ ငါတို့သည်သူ ၏စကား ကို ချောင်းမြောင်း၍ အပြစ် ပြုခွင့်ကို အဘယ်သို့ရ နိုင်သနည်းဟု မေးမြန်း တိုင်ပင်ပြီးမှ၊

ထမြောက် ရှင်ပြန်ခြင်းမ ရှိ ဟူ၍အယူရှိသော ဇဒ္ဒုကဲ တို့သည် ထို နေ့ ၌ အထံ တော်သို့ချဉ်းကပ် ၍၊

ထိုသို့ အခွန်ခံ သောသူ၊ ဆိုး သောသူ တို့နှင့်အတူ စား တော်မူသည်ကို ကျမ်းပြု ဆရာဖာရိရှဲ တို့သည် မြင် လျှင်၊ ဤသူသည် အခွန်ခံ သောသူ ၊ ဆိုး သောသူတို့နှင့်အတူ အဘယ်ကြောင့်စား သောက်သနည်းဟု တပည့် တော်တို့အား ဆို ကြ၏။

ကိုယ်တော်ကလည်း ၊ သင်တို့သည် သူ တို့နှင့် အဘယ်သို့ ဆွေးနွေး မေးမြန်းကြသနည်း ဟု ကျမ်းပြု ဆရာ တို့ကို မေး တော်မူလျှင်၊

¶ တရံရောအခါကျမ်းတတ် တစ် ယောက်သည်ထ ၍ ၊ အရှင် ဘုရား၊ ထာဝရ အသက် ကို အမွေ ခံရအံ့သောငှာအကျွန်ုပ်သည် အဘယ် အမှုကို ပြု ရပါမည်နည်းဟု ကိုယ်တော် ကို စုံစမ်းနှောင့်ရှက် ခြင်းငှာမေးလျှောက် သော်၊

ထိုသို့ ပရိသတ် တို့အား မိန့်တော်မူစဉ်တွင် ကျမ်းပြု ဆရာနှင့် ဖာရိရှဲ တို့သည် ကိုယ်တော် ၌အပြစ်တင် ခွင့်ကို ရမည်အကြောင်း၊

ယေရှု ကလည်း၊ သင်တို့သည်နိမိတ် လက္ခဏာနှင့် အံ့ဖွယ် သောအမှုတို့ကို မ မြင် ရလျှင် ယုံ ခြင်းမ ရှိကြဟု မိန့် တော်မူသော်၊