ထိုသူတို့သည် စားစရိတ် နှင့် တံပိုး များကို ယူ ၍ ၊ ကြွင်း သော ဣသရေလ အမျိုးသား အပေါင်းတို့ကို မိမိ နေရာ သို့ ဂိဒေါင်သည် လွှတ် လိုက်သဖြင့် ၊ ထိုသုံး ရာ သော လူ တို့ကိုသာ မိမိနှင့်အတူချန် ထားလေ၏။ မိဒျန် လူတို့သည် သူ့ အောက် ချိုင့် ၌ တပ်ချ လျက် ရှိကြ၏။
TSK
TSK · ရာဇဝင်ချုပ်ဒုတိယစောင်။ 23:13
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
¶ ယဇ်ပုရောဟိတ် ဇာဒုတ် သည် တဲ တော်ထဲက ဆီ ဘူး ကိုယူ ၍ ရှောလမုန် ကိုဘိသိက် ပေးပြီးမှ ၊ သူတို့သည် တံပိုး မှုတ် ၍ ၊ ရှောလမုန် မင်းကြီး သည် အသက် တော်ရှင် စေသတည်းဟု လူ အပေါင်း တို့သည် ဟစ်ကြော် ကြ၏။
သူတို့သည် အလျင် အမြန်ထသဖြင့် ၊ အသီးအသီး မိမိ တို့ ဝတ်လုံ ကိုယူ ၍ လှေကား ထိပ် ပေါ် ယေဟု အောက် မှာခင်း လျက် ၊ ယေဟု သည် ရှင် ဘုရင်ဖြစ်တော်မူ၏ဟု တံပိုး မှုတ် ၍ ဟစ်ကြော် ကြ၏
ရှင်ဘုရင် ကလည်း ၊ ထာဝရဘုရား ကို ဆည်းကပ်ပါမည်။ စီရင် ထုံးဖွဲ့ချက်ပညတ် တရားကို စိတ် နှလုံး အကြွင်းမဲ့ စောင့်ရှောက် ပါမည်။ ဤ ကျမ်းစာ ၌ ပါ သောပဋိညာဉ် စကား အတိုင်း ကျင့် ပါမည်ဟု တိုင် နား မှာ ရပ် ၍ အဓိဋ္ဌာန် ပြု ၏။ လူ အပေါင်း တို့သည်လည်း ထိုအဓိဋ္ဌာန် ကို ဝန်ခံ ကြ၏
လေဝိ သားအကြီးအကဲ တို့သည် စောင်း ၊ တယော ၊ ခွက်ကွင်း အစရှိသော တုရိယာ မျိုးနှင့် သီချင်း ဆိုတတ် သော ညီအစ်ကို တို့ကို ဝမ်းမြောက် စွာ အသံ ပြိုင် ဆိုစေခြင်းငှါ ခန့်ထားရမည်အကြောင်းအမိန့် တော်ရှိသည် အတိုင်း၊
ဒါဝိဒ် နှင့် သေတ္တာ တော်ကို ထမ်း သော လေဝိ သားများ၊ သီချင်း ဆရာခေနနိ နှင့် သီချင်း ဆို သူများတို့ သည် ပိတ်ချော ကိုဝတ် ကြ၏။ ဒါဝိဒ် သည် ပိတ် သင်တိုင်း ကိုလည်း ထပ်၍ဝတ်၏။
ထို သားအပေါင်း တို့သည် အာသပ် ၊ ယေဒုသုန် ၊ ဟေမန် တို့ကို ရှင်ဘုရင် စီရင်သည်အတိုင်း အဘ ဟေမန်၌ တပည့်ဖြစ်၍၊ ထာဝရ အရှင် ဘုရားသခင် ၏အိမ် တော်၌ ခွက်ကွင်း ၊ စောင်း ၊ တယော ကိုတီးလျက်၊ သီချင်း ဆို၍ အမှု တော်ကို ဆောင်ရွက်ရကြ၏။
သို့ဖြစ်၍အလွန် ကြောက်လန့် ကြလိမ့်မည်။ အကြောင်း မူကား၊ ဘုရား သခင်သည် ဖြောင့်မတ် သော လူမျိုး ဘက်၌ ရှိတော်မူ၏။
ဖြောင့်မတ် သောသူတို့သည် အခွင့် ရသောအခါ ၊ ပြည်သူ ပြည်သားတို့သည် ဝမ်းမြောက် တတ်ကြ၏။ မ တရားသောသူတို့သည် အုပ်စိုး သောအခါ မူကား ၊ ပြည်သူ ပြည်သားတို့သည် ဝမ်းနည်း တတ်ကြ၏။
မင်းသား သည် ထိုတံခါး မုတ် ဖြင့် ဝင် ၍ တံခါး တိုင် အနား မှာ ရပ် နေရမည်။ ယဇ်ပုရောဟိတ် တို့သည် မင်းသားမီးရှို့ ရာ ယဇ်၊ မိဿဟာယ ယဇ်တို့ကို ပူဇော်၍၊ သူသည်တံခါးခုံ ၌ ဦးညွတ် ချပြီးမှ ပြင်သို့ထွက်သွား ရမည်။ သို့ရာတွင် ၊ ညဦးယံ မ ရောက်မှီ ထိုတံခါး ကို မ ပိတ် ရ။