ကျေးဇူး မ ပြု မ ကယ်တင် နိုင်၊ အချည်းနှီး ဖြစ်သော အရာတို့နောက် သို့ လမ်း လွှဲ၍ မ လိုက်ကြနှင့်။ ထိုသို့သောအရာသည် အချည်းနှီး သက်သက်ဖြစ်၏။
TSK
TSK · တရားဟောရာကျမ်း 32:21
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
¶ အကြောင်းမူကား၊ ဗာရှာ နှင့် သား ဧလာ တို့သည် ကိုယ်တိုင်ပြစ်မှား သော အပြစ်နှင့် ဣသရေလ အမျိုးကိုလည်း ပြစ်မှား စေသော အပြစ် အားဖြင့်၎င်း၊ မိစ္ဆာ ဒိဌိအားဖြင့် ၎င်း၊ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား ၏ အမျက် တော်ကို နှိုးဆော်သော အကြောင်း တည်း။
သူ တို့ရှေ့ မှ ထာဝရဘုရား နှင်ထုတ် တော်မူသောတပါးအမျိုးသား ပြုသကဲ့သို့ မြင့် သောအရပ်ရှိသမျှ အပေါ် မှာ နံ့သာပေါင်းကိုမီးရှို့ ၍ ထာဝရဘုရား ၏ အမျက် တော် ကို နှိုးဆော်ခြင်းငှါ အဓမ္မ အမှု တို့ကို ပြု ကြ၏
အကြောင်း မူကား၊ သူတို့သည် ငါ့ ကိုစွန့် ကြပြီ။ မိမိ လုပ် သော အရာ တို့ဖြင့် ငါ့ အမျက် ကိုနှိုးဆော်ခြင်းငှါ အခြား တပါးသော ဘုရား တို့ရှေ့ မှာ နံ့သာပေါင်း ကို မီးရှို့ကြပြီ။ ထိုကြောင့်ဤ အရပ် ၌ ငါ့ အမျက် မီးသည် မ ငြိမ်း ဘဲ လောင် ရလိမ့်မည်ဟု မိန့်တော်မူ၏
သူ တို့သည် မြင့် သော အရပ်များအားဖြင့် ၊ အမျက် တော်ကို နှိုးဆော်၍ ၊ ရုပ်တု များအားဖြင့် လည်း စိတ်တော်ကို ချုပ်ချယ် နှောင့်ရှက်ကြ၏။
အခြားတပါးသော လူမျိုး ကိုးကွယ်သော ဘုရား သည် ဘုရား မဟုတ် သော်လည်း ၊ ပြောင်းလဲ ဘူးပြီလော။ ငါ ၏လူမျိုး သည် ကျေးဇူး မ ပြုနိုင်သောအရာဘို့ မိမိ တို့ ဘုန်း ကို ပြောင်းလဲ ကြပြီတကား။
ငါ၏ လူမျိုးသတို့သမီး အော်ဟစ် သံ ကို ဝေး သော ပြည်က ကြားရ၏။ ထာဝရဘုရား သည် ဇိအုန် မြို့၌ ရှိတော်မ မူသလော ။ မိမိ ရှင် ဘုရင်သည် မြို့ ထဲ၌ရှိတော်မ မူသလော။ တကျွန်းတနိုင်ငံ နှင့်ဆိုင်သောအချည်းနှီးအရာ ၊ ရုပ်တုဆင်းတု အားဖြင့် သူတို့သည် ငါ့ အမျက် ကိုနှိုးဆော်ခြင်းငှာ အဘယ်ကြောင့် ပြုကြသနည်း။
သာသနာပ လူတို့ ကိုးကွယ်သော ရုပ်တု ဆင်းတုတို့တွင် ၊ မိုဃ်းရွာ စေနိုင်သော သူရှိ ပါသလော။ မိုဃ်း သည် အလိုလို ရွာ နိုင်ပါသလော။ အကျွန်ုပ် တို့ ဘုရား သခင်ထာဝရဘုရား ၊ ကိုယ်တော် သာလျှင် တတ်နိုင်တော်မူသည် မ ဟုတ်လော။ သို့ ဖြစ်၍၊ ကိုယ်တော် ကို မြော်လင့် လျက်နေ ပါမည်။ ကိုယ်တော် သည် အလုံးစုံ တို့ကို ဖန်ဆင်း သော ဘုရားဖြစ်တော်မူ၏။
လက် သဏ္ဍာန် ကိုဆန့် ၍ ငါ ၏ဆံပင် တစုကို ကိုင် လျက် ၊ ဝိညာဉ် တော်သည် ငါ့ ကိုမြေ နှင့် မိုဃ်း ကောင်းကင် ကြား မှာ ချီကြွ ၍ ၊ အမျက် တော်ကို နှိုးဆော်သော ရုပ်တု ပလ္လင်ရှိရာ ယေရုရှလင် မြို့မြောက် မျက်နှာ အတွင်း တံခါးဝ သို့ ၊ ဘုရားသခင် ၏ဗျာဒိတ် တော်ရူပါရုံအားဖြင့် ငါ့ ကိုဆောင်သွား ၏။
မုသာ အနတ္တ ကို မှီဝဲ သောသူတို့သည် မိမိ တို့ ကရုဏာ ခံရာအကြောင်းကို စွန့်ပစ် ကြပါ၏။
ဟောရှေ ၏ ကျမ်းစာ၌ လာ သည်ကား၊ ငါ ၏ လူ မ ဟုတ်သော သူ ကိုငါ ၏လူ ဟူ၍ငါခေါ် မည်။ မ ချစ် သော သတို့သမီး ကိုလည်း အချစ် ဟူ၍ငါခေါ်မည်။
သို့ဖြစ်လျှင်၊ ဣသရေလလူတို့သည်လဲ ၍ နေရသည်တိုင်အောင်ထိမိ ကြပြီလောဟုမေး သော်၊ လဲ၍မ နေ ရကြ။ သူ တို့၏စိတ်ကို နှိုးဆော်စရာအကြောင်း ရှိစေခြင်းငှာ ၊ သူ တို့၏လဲ ခြင်းအားဖြင့် ကယ်တင် တော်မူခြင်း ကျေးဇူးသည်တစ်ပါး အမျိုးသားတို့၌ သက်ရောက်လေ၏။
သင် တို့မူကား ၊ မှောင်မိုက် ထဲမှ အံ့ဘွယ် သော အလင်း တော်သို့ ခေါ်သွင်း တော်မူသော သူ ၏ဂုဏ် ကျေးဇူးများကို ဖေါ်ပြ စေခြင်းငှာ ၊ ရွေးချယ် တော်မူသော အမျိုး ဖြစ်ကြ၏။ မင်း စည်းစိမ်ရှိသော ယဇ် ပုရောဟိတ်မျိုး၊ သန့်ရှင်း သောလူမျိုး ၊ ပိုင်ထိုက် တော်မူသော အပေါင်း အသင်းဖြစ်ကြ၏။