TSK

TSK · ဒံယေလအနာဂတ္တိကျမ်း။ 7:15

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

Back to passage

နံနက် အချိန် ရောက် သောအခါ ၊ ဖါရော မင်း သည် စိတ် ပူပန် ၍ ၊ အဲဂုတ္တု ဗေဒင် တတ် ပညာရှိအပေါင်း တို့ကို ခေါ် ၍ အိပ်မက် တော်ကို ပြန်ကြား တော်မူ၏။ သို့သော်လည်း ရှေ့ တော်၌အနက် ကို ဘတ်နိုင်သောသူ တယောက် မျှမရှိ။

အကျွန်ုပ် သည် နောက် တော်သို့ လိုက်သော ဆရာ ၏အရာကို မ ရှောင် ပါ။ အမင်္ဂလာ နေ့ ကို မ တောင့်တ ပါ။ အကျွန်ုပ် ဟော ပြောချက်ကို ကိုယ်တော် သိ တော်မူ ၏။ ကိုယ်တော် မျက်မှောက် ၌ ရှိ ပါ၏။

ရှင်ဘုရင် က၊ ငါသည် အိပ်မက် ကိုမြင် ပြီ။ ထိုအိပ်မက် ကိုမသိ ၊ နားမလည်သည်ဖြစ်၍စိတ် မအီမသာ ရှိသည်ဟု မိန့် တော်မူ၏။

ထိုအခါ ဗေလတရှာဇာ အမည် ရှိသော ဒံယေလ သည် တ နာရီ လောက် မိန်းမော တွေဝေ၍ စိတ် ပူပန်လျက် နေ၏။ ရှင် ဘုရင်က၊ အချင်းဗေလတရှာဇာ ၊ အိပ်မက် အနက် အဓိပ္ပါယ်ကြောင့် ပူပန် သောစိတ်မ ရှိပါနှင့်ဟု မိန့် တော်မူ၏။ ဗေလတရှာဇာ ကလည်း၊ အရှင် စော၊ ကိုယ်တော် ကို မုန်း သော ရန်သူ တို့အပေါ်၌ အိပ်မက်အနက် ရောက်ပါစေသော။

ဤရွေ့ကား ၊ အနက်အဓိပ္ပါယ်ပေတည်းဟု ဆိုလေ၏။ ငါ ဒံယေလ သည် စိတ် ပူပန် ခြင်းသို့ရောက်၍ မျက်နှာ ညှိုးငယ်ခြင်းရှိ၏။ သို့သော်လည်း၊ မြင်ရသောအာရုံများကို စိတ် နှလုံးထဲ၌ သိုထား ၏။

ဗျာဒိတ်တော်သံ ကို ငါကြား သောအခါ ရင် ၌ လှုပ်ရှား ခြင်း၊ မေးခိုင် ခြင်း၊ အရိုး ဆွေးမြေ့ ခြင်း၊ တကိုယ်လုံး တုန်လှုပ် ခြင်းရှိ၏။ အကြောင်းမူကား၊ အမှု ရောက် သောနေ့ ၊ လုပ်ကြံသောသူသည် ငါ၏လူမျိုး ကို တိုက် လာ သောနေ့တိုင်အောင်ငါသည် နေရစ် ရမည်။

ငါ သည် အလွန် ဝမ်းနည်း ခြင်းရှိ ၏။ စိတ် နှလုံး ထဲ၌ မခြားမလပ် ပူပန် ခြင်းဝေဒနာရှိ၏။

ငါသည် ကောင်းကင်တမန် ထံသို့ သွား ၍ စာစောင် ငယ်ကို ပေး ပါဟု တောင်း ၏။ သူကလည်း ယူ ၍ စား လော့။ ဝမ်း ကိုခါး စေလိမ့်မည် ။ သို့သော်လည်း ပါးစပ် ၌ ပျားရည် ကဲ့သို့ ချို လိမ့်မည် ဟုဆို လျှင် ၊ ငါ သည် စာစောင် ကို ကောင်းကင် တမန်၏လက် မှ ယူ၍ စား ၏။ ပါးစပ် ၌ ပျားရည် ကဲ့သို့ ချို ၏။ စား ပြီးမှ ဝမ်း ၌ခါး ၏။