TSK

TSK · သုတ္တံကျမ်း။ 17:14

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

Back to passage

အာဗြံ ကလည်း ၊ ငါ တို့သည် ညီအစ်ကို ချင်းဖြစ်လျက်၊ ငါ နှင့် သင် ၌ ၎င်း၊ ငါ့ နွား ကျောင်းသားတို့နှင့် ၊ သင့် နွား ကျောင်းသားတို့၌ ၎င်း၊ ခိုက်ရန် မ ရှိ ပါစေနှင့်။

¶ ဧဖရိမ် အမျိုးသား တို့သည် စည်းဝေး ၍ မြောက် သို့ ချီ သွားလျှင် ၊ ယေဖသ အား သင်သည် ငါ တို့ကို မ ခေါ် ဘဲ၊ အမ္မုန် အမျိုးသား တို့ကို အဘယ်ကြောင့် တိုက် ခြင်းငှါ သွား သနည်း။ သင့် အိမ် ကို သင့် အပေါ် မှာ မီးရှို့ မည်ဟု ဆို ကြသော်၊

ခမည်းတော် သည် သင် တို့အပေါ်မှာ လေးသော ထမ်းဘိုးကိုတင် လေပြီ။ ငါ သည်လည်း ထပ်၍ တင်ဦးမည်။ ငါ့ခမည်းတော်သည် သင် တို့ကို ကြိမ်လုံး နှင့် ရိုက်လေပြီ။ ငါ သည်လည်း ကင်းမြီးကောက် နှင့် ရိုက် ဦးမည်ဟု ကြမ်းတမ်းစွာ ပြန်ပြော တော်မူ၏။

¶ ထိုနောက် ၊ အာမဇိ သည်တိုင်ပင် ပြီးမှ၊ ဣသရေလ ရှင်ဘုရင် ယေဟု သား ဖြစ်သော ယောခတ် ၏သား ယဟောရှ ထံ သို့ သံတမန်ကို စေလွှတ် ၍ ၊ ငါတို့သည် မျက်နှာချင်း ဆိုင်မိ ကြကုန်အံ့ဟု မှာ လိုက်လျှင်၊

မာန ကြောင့်သာ ရန်တွေ့ ခြင်းဖြစ် ၏။ သတိပေးသော စကားကို နားခံ သောသူမူကား ပညာ ရှိ၏။

¶ ဖြည်းညှင်း သော စကား သည် စိတ် ကိုဖြေ တတ် ၏။ ကြမ်းတမ်း သောစကား မူကား ၊ အမျက် ကို နှိုးဆော် တတ်၏။

ရန်တွေ့ ခြင်းကို နှစ်သက် သောသူ သည် လွန်ကျူး ခြင်းကိုလည်း နှစ်သက် တတ်၏။ မိမိ တံခါး ကို ချီးမြှင့် သောသူသည် ပျက်စီး ခြင်းကို ရှာ တတ်၏။

ရန်တွေ့ ခြင်းကို ငြိမ်းစေ သောသူ သည် ဂုဏ် အသရေရှိ၏။ မိုက် သောသူမူကား ၊ အမှု နှင့်ရောနှောတတ်၏။

မီးခဲ ချင်းပြုသကဲ့သို့၎င်း ၊ ထင်း သည် မီး ကို မွေး သကဲ့သို့ ၎င်း၊ ရန်တွေ့ တတ်သောသူ သည် ခိုက်ရန် မှုကို ပြုစု တတ်၏။

အမှု ၏အဆုံး သည် အစ ထက် သာ၍ကောင်း ၏။ သည်းခံ တတ်သော သဘော ရှိသောသူသည် မာန ကြီး သော သူထက် သာ၍ကောင်း ၏။

¶ ထို ကာလ ၌ တပည့် တော်တို့သည် များပြား သည် ရှိသော်၊ နေ့ရက် အစဉ်အတိုင်းလုပ်ကျွေး သောအခါ ၊ ဟေလေနစ် အမျိုး မုတ်ဆိုးမ တို့ကို မ လုပ်မကျွေးဟု ထိုအမျိုးသားတို့သည် မြည်တမ်း ၍ ဟေဗြဲ လူတို့ကို အပြစ်တင် ကြ၏။

သင် တို့သည် တတ်နိုင် သမျှအတိုင်း လူ အပေါင်း တို့နှင့် အသင့်အတင့် နေကြလော့။